ကျွန်ုပ်တို့အကြောင်း

logo-slide.png

ကုမ္ပဏီဖြစ်တည်လာမှု သမိုင်းကြောင်း

ရာချာချူလွတ်စ် ကုမ္ပဏီ လီမိတက်ကို (1967) ခုနှစ် နိုဝင်ဘာလ (26) ရက်နေ့၌ စတင်တည်ထောင်ခဲ့ပြီး၊ လက်ရှိအချိန်၌ ကုမ္ပဏီ၏ ခွင့်ပြုရင်းနှီးမတည်ငွေမှာ ဘတ်သန်း (420) ဖြစ်ပြီး၊ ထိုင်းနှင့် တိုင်ဝမ်ကုမ္ပဏီတို့အကြား အချိုးအစား 51 : 49 ရာနှုန်းဖြင့် ပူးတွဲရင်းနှီးမြှုပ်နှံမှု ပြုထားပါသည်။
ကုမ္ပဏီ၏ စက်ရုံမှာ အမှတ်(15)၊ အစု(17)၊ ကီလိုမီတာအမှတ်(86)၊ ထားဖားရပ်ကွက်၊ ဘန်းပိုမြို့၊ ရတ်ချဘူရီခရိုင်ရှိ မြေအကျယ် (135)ရိုင်းပေါ်၌ တည်ရှိပါသည်။
ရာချာချူလွတ်စ် ကုမ္ပဏီ လီမိတက်အနေဖြင့် ပြည်တွင်းနှင့် နိုင်ငံခြား၌ ဖြန့်ဖြူးရောင်းချရန်အတွက် ပီလောပီနံကော်မှုန့် (Tapioca Starch) နှင့် ကြံသကြားတင်လဲရည် (Cane Molasses) တို့ကို ပင်မကုန်ကြမ်းပစ္စည်းအဖြစ် သုံးစွဲလျက် ဇွန်းတံဆိပ် အချိုမှုန့်စစ်စစ်ကို ထုတ်လုပ်လာသည်မှာ နှစ်ပေါင်း (50) ကျော် ရှိပါပြီ။ ထုတ်လုပ်မှုလုပ်ငန်းစဉ်နှင့်  ဈေးကွက် ပိုင်းဆိုင်ရာကို စဉ်ဆက်မပြတ် တိုးတက်လုပ်ဆောင်လာမှုများဖြင့် ကုမ္ပဏီ၏ ကုန်ပစ္စည်းများသည် ပြည်တွင်းနှင့် ပြည်ပ စားသုံးသူများနှင့် စက်မှုလုပ်ငန်းလောကအတွင်း၌ ကျယ်ပြန့်စွာ လက်ခံနှစ်သက်မှု ရရှိလျက် ရှိပါသည်။

မူဝါဒပေါ်လစီ

“ကုမ္ပဏီအဖွဲ့အစည်း၏ စွမ်းရည်ကိုတိုးမြှင့်၊ စံနှုန်းမီသည့်ကုန်ပစ္စည်းကိုထုတ်လုပ်၊ ဖောက်သည်မှ ယုံကြည်စိတ်ချရတဲ့ ၀န်ဆောင်မှု”

ဇွန်းတံဆိပ် အရည်အသွေးရှိအချိုမှုန့်

ဇွန်းတံဆိပ် အချိုမှုန့်စစ်စစ်သည် အိမ်တွင်းသုံးအတွက် အရွယ်အစား 5, 10, 20, 30, 40, 50, 100, 250, 500, 1000 ဂရမ်၊ စားသောက်ဆိုင်များအတွက် အရွယ်အစား 2, 3 ကီလိုဂရမ် နှင့် အစားအစာထုတ်လုပ်မှုလုပ်ငန်းများအတွက် အရွယ်အစား 5, 10, 15, 25 ကီလိုဂရမ်အထိ တစ်ဦးချင်းလိုအပ်ချက်အလိုက် ရွေးချယ်စရာ ထုပ်ပိုးမှု အရွယ်အစားများ ရှိသည်။ ထို့အပြင် ဟင်းချိုမှုန့် အစေ့သေး၊ အစေ့ကြီး စသည့် အရွယ်အစားအသီးသီးရှိ အချိုမှုန့်စေ့များဖြင့် သင့်တော်သလို  ရွေးချယ်ဝယ်ယူ သုံးစွဲနိုင်ပါသေးသည်။

ကုမ္ပဏီ၏ ကုန်ပစ္စည်းကို အောက်ပါအတိုင်း အုပ်စု (2)စု ခွဲခြားနိုင်သည်။

  1. အပွင့်အချပ်အမျိုးအစား
  2. 2. အမှုန့်အမျိုးအစား
product.jpg

အများထက်ပေါ်လွင်တဲ့ အမြင်အာရုံကိုဖမ်းစားနိုင်မှု အသွင်သစ်

ကုန်ပစ္စည်း၏ နိုင်ငံတကာအမှတ်တံဆိပ်ဖြစ်မှုကို အသားပေး ပေါ်လွင်မှုရှိစေရန်အတွက် ရာချာချူလွတ်စ်မှနေ၍ မိမိတို့၏ ကုန်ပစ္စည်းအား စားသုံးသူတို့၏ အမြင်အာရုံကို ပိုမိုဖမ်းစားနိုင်သော ခေတ်မှီသည့် ထုပ်ပိုးမှုအမြင်ရှိအောင်  ပြောင်းလဲ ထားပါသည်။ ဤအတွက် အထုပ်ပေါ်၌ စားချင်စဖွယ် အစားအစာရုပ်ပုံများကို ပိုမိုထည့်သွင်းထားပြီး၊ တစ်ခြားသူထက်  ရှေ့ဆုံးရောက် ပုံနှိပ်မှုနည်းပညာဖြင့် ပုံနှိပ်ထားပါသည်။ ထို့အပြင် စားသုံးသူများအတွက် ရာချာချူလွတ်စ် အစစ်ကို ၀ယ်ယူရရှိကြောင်း ပိုမိုသေချာစိတ်ချရမှု ရှိစေရန်အတွက် အသွင်သစ် ပလပ်စတစ် ထုပ်ပိုးအိတ်ပေါ်တွင်  ဖောင်းကြွ ရာချာချူလွတ်စ်တံဆိပ်ကို ပုံနှိပ်ထားပါသည်။ ဤအတွက် ထုတ်လုပ်မှုကုန်ကျစရိတ်ကို ပိုများစေသော်လည်း အသွင်သစ် ရာချာချူလွတ်စ် ထုပ်ပိုးကုန်ပစ္စည်းသည် အချိုမှုန့်စစ်စစ်၏ အရည်အသွေးအပြည့် လျော့ပါးမှုမရှိသော အရည်အသွေး နှင့် စံနှုန်း ရှိကြောင်း စိတ်ချရစေပါသည်။ အစားအစာမီနူးမှာ ဈေးပေါသည် ဈေးကြီးသည်ဖြစ်စေ၊ ထိုင်း တရုတ် သို့မဟုတ် အခြားနိုင်ငံ့ရိုးရာစားဖွယ်ဖြစ်စေ မင်းစိုးရာဇာအတွက် ချက်ပြုတ်စီမံပေးထားသော စားဖွယ်ကဲ့သို့ အရသာရှိစေအောင် ရာချာချူလွတ်စ်မှ စားဖွယ်ပန်းကန်တိုင်းကို ဖန်ဆင်းပေးနိုင်ပြီး၊ အိမ်သားများသည် ရာချာချူလွတ်စ်ဖြင့် ဟင်းခတ် ချက်လုပ်ထားသော စားဖွယ်ကို မြိန်ရှက်စွာ သုံးဆောင်နိုင်ကြပါမည်။

ဖြန့်ဖြူးရောင်းချမှု လမ်းကြောင်းများ

လက်ရှိအချိန်တွင် ရာချာချူလွတ်စ် ကုမ္ပဏီ လီမိတက်မှ တစ်နိုင်ငံလုံးအနှံ့ တိုင်းဒေသတစ်ခုချင်းစီကို ခြုံငုံသည့် ဖြန့်ဖြူးရောင်းချမှု လမ်းကြောင်းများကို အောက်ပါအတိုင်း တိုးချဲ့ထားပါသည်။
    ဘန်ကောက်နှင့် ဆင်ခြေဖုံးဒေသများ : ထေဖာရတ်ဗဟိုဌာန
    အလယ်ပိုင်းတိုင်းဒေသ : ရတ်ချဘူရီဗဟိုဌာန နှင့် ရယောင်းဗဟိုဌာန
    မြောက်ပိုင်းတိုင်းဒေသ : ဇင်းမယ်ဗဟိုဌာန
    အီဆန်းတိုင်းဒေသ : ဥဘွန်ရတ်ချဌာနီဗဟိုဌာန နှင့် ဥဒွန်ဌာနီဗဟိုဌာန
    တောင်ပိုင်းတိုင်းဒေသ : ဖူးကက်ဗဟိုဌာန
နေ့စဉ် စားသုံးသူများနှင့် အရောင်းဆိုင်များဆီသို့ ကုန်ပစ္စည်းများကို လျင်မြန်သွက်လက်စွာ ပို့ဆောင်ဖြန့်ဖြူး  ပေးနိုင်ရန် အတွက် ဗဟိုဌာနများမှ တာဝန်ယူဆောင်ရွက်ပေးလျက် ရှိပါတယ်။

ဝန်ထမ်းအရင်းအမြစ်ကို ဖွံ့ဖြိုးတိုးတက်စေမှု

ရာချာချူလွတ်စ် ကုမ္ပဏီ လီမိတက် အနေဖြင့် ကုမ္ပဏီအဖွဲ့အစည်းတွင်းရှိ လူ့အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု ရှိစေရေးကို အလေးထားပြီး၊ ဤအတွက် ၀န်ထမ်းများ၏ စွမ်းဆောင်ရည်ကို စွမ်းပကားရှိစွာဖြင့် ဖွံ့ဖြိုးတိုးတက်စေရန် လေ့ကျင့်မွမ်းမံမှု၊ စီမံချက်ချ၊ လှုပ်ရှားမှုများ ပြုလုပ်ပေးလျက် ရှိပါသည်။ ထို့အပြင် ၀န်ထမ်းများအတွက် လူနေမှုစရိတ်၊ ကြိုးစားအားထုတ်မှုခ၊ ဘိုးနပ်စ်ငွေ၊ ကိစ္စအခြေအနေအသီးသီးအတွက် ကူညီငွေ၊ နှစ်စဉ်လည်ပတ်မှုခရီးစဉ် စသည့် လူမှုဖူလုံရေးအထောက်အပံ့ တို့ဖြင့် ၀န်ထမ်းများအား အလုပ်ခွင်တွင်း အလုပ်စွမ်းရည် တိုးတက်ဖော်ဆောင်ရန် မက်လုံးအဖြစ်နှင့် ၀န်ထမ်းများအတွက် တစ်ချိန်တည်းမှာပင် ၀င်ငွေတိုးတက်ရရှိစေမှုအဖြစ် လုပ်ဆောင်ပေးလျက် ရှိနေပါသည်။

ကုမ္ပဏီအဖွဲ့အစည်းအတွက် ဂုဏ်ယူစရာ ဆုတံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်များ

Certificate 01
Certificate 02
Certificate 03
Certificate 04
အရည်အသွေး အကောင်းဆုံး ကုန်ကြမ်းပစ္စည်းရရှိရန် ရွေးချယ်မှုမှစ၍ လုပ်ငန်းအဆင့်တိုင်းရှိ သန့်ရှင်း  ဘေးကင်းမှု အတွက် အရည်အသွေးစစ်ဆေးမှုအဆင့်များနှင့် ဖောက်သည်ထံ ကုန်ပစ္စည်း စီစဉ်ပေးပို့မှု အဆင့်များအထိ အထူးဂရုပြု အသေးစိတ်ကျသည့် ထုတ်လုပ်မှု လုပ်ငန်းစဉ်များကြောင့် ရာချာချူလွတ်သည် နိုင်ငံတွင်းနှင့် နိုင်ငံခြား အဖွဲ့အစည်းများ ထံမှ အရည်အသွေးထောက်ခံချက်နှင့်အတူ မြောက်မြားစွာသော ဆုတံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်များကို ရရှိထားပါသည်။ ၎င်းတို့မှာ
  •     ISO 9001:2000 စံနှုန်း၊ ထိုင်းနိုင်ငံအချိုမှုန့်ထုတ်လုပ်သူများထဲမှ ပထမဦးဆုံးအဖြစ် ထောက်ခံချက်ရရှိသူ
  • ISO 9001:2008 (INTERNATIONAL ORGANIZATION STANDARDIZATION) နိုင်ငံအချင်းချင်း ကုန်ပစ္စည်း ထုတ်လုပ်မှု ၀န်ဆောင်မှုနှင့် လုပ်ငန်းစဉ်စွမ်းဆောင်ရည်များကို အလဲအလှယ်ပြု၍ နိုင်ငံများအကြား ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွဲ့စည်းထားသည့် နိုင်ငံတကာစံနှုန်းအဖွဲ့အစည်းမှ စံနှုန်းထောက်ခံချက်
  • GMP (GOOD MANUFACTURING PRACTICE) လူပုဂ္ဂိုလ်တစ်ဦးချင်းဆိုင်ရာ သန့်ရှင်းကျန်းမာရေး ထိန်းချုပ် ကြီးကြပ်မှု၊ ရောဂါပိုးမွှားသယ်ဆောင်သည့် တိရိစ္ဆာန်များနှင့် အင်းဆက်များအား ထိန်းချုပ်ဟန့်တားမှု၊ ရေသုံးစွဲမှုအား ထိန်းချုပ် စီမံမှု စသည့် ထုတ်လုပ်မှုလုပ်ငန်းစဉ်၏ ပတ်ဝန်းကျင်ပိုင်း ထိန်းချုပ်ကြီးကြပ်စီမံမှုဆိုင်ရာစံနှုန်း ထောက်ခံချက်ရ
  • ရာချာချူလွတ်စ်သည် စောနော်ငေါ် (ခေါ်) ထိုင်းနိုင်ငံအစ္စလာမ်မစ်ကော်မတီ၏ ထောက်ခံချက်ကို ပထမဦးဆုံးအဖြစ် ရရှိထားသူ ဖြစ်ပြီး၊ ကမ္ဘာတစ်ဝှမ်း မူဆလင်ဘာသာဝင်များ၏ လက်ခံအသိအမှတ်ပြုမှုကိုပါ ရရှိထားပါသည်။
  • ထိုင်းနိုင်ငံအတွင်း အချိုမှုန့်ထုတ်လုပ်သည့် အချိုမှုန့်ထုတ်လုပ်သူများထဲမှ အာဒပ်ဘယူတူဗ် ကုမ္ပဏီ လီမိတက် (ထိုင်းနိုင်ငံ) မှ ကိုယ်စားပြု ပေးအပ်သော HACCP အသိအမှတ်ပြုလက်မှတ်ကို ပထမဦးဆုံးနှင့် တစ်ဦးတည်းသော ရရှိထားသူ ဖြစ်ပါသည်။ HACCP စနစ်ဆိုသည်မှာ စားသုံးသူများအား အန္တရာယ်ဖြစ်စေနိုင်သည့် အကြောင်းခံများကို ဖယ်ရှား၊ လျှော့ချရန်ရည်ရွယ်လျက် အစားအစာများကို အဏုဇီဝပိုးမွှား ဓာတုဒြပ်ပစ္စည်းနှင့် အခြားရောစပ်ပါဝင်မှုများမှ ကင်းဝေးအောင် ထိန်းချုပ်ကြီးကြပ်သည့် အစားအစာဘေးကင်းလုံခြုံရေးပိုင်းဆိုင်ရာ အရည်အသွေးထောက်ခံချက်စနစ် ဖြစ်ပါသည်။
    ဤအကြောင်းအချက်များကြောင့် ရာချာချူလွတ်စ်သည် အစားအစာထုတ်လုပ်ရေးစက်မှုလုပ်ငန်း လောကတွင် ထိုင်းနိုင်ငံတွင်း၌သာမကပဲ နိုင်ငံများအသီးသီး၌ပါ လက်ခံမှုရထားသည့် အမှတ်တံဆိပ်ဖြစ်ပြီး၊ ဥရောပ အမေရိက အာဖရိက စသည့် ကမ္ဘာတစ်ဝှမ်း ဒေသအသီးသီးသို့ တင်ပို့ရောင်းချနေရကာ အင်ဒိုချိုင်းနားဒေသတွင်း ရောင်းအား နံပတ်တစ်အဖြစ် ရပ်တည်လျက် ရှိနေပါသည်

ရာချာချူရော့စ် ကုမ္ပဏီ လီမိတက်

ကေအက်စ်အယ်လ်တာဝါ အထပ်(20)
အမှတ်(503) စရီးအယုထယာလမ်း ဖယာထိန်ရပ်ကွက်
ရတ်ချထေဝီမြို့နယ် ဘန်ကောက် 10400

ဖုန်း 02-642-6210
ဖက်စ် 02-642-6220
အီးမေးလ် msg-racha@kslgroup.com

 

စက်ရုံ

အမှတ်(15) အစု(17) စင်းချူတိုလမ်း ထားဖားရပ်ကွက် ဘန်းပိုမြို့နယ် ရတ်ချဘူရီခရိုင် 70110

ဖုန်း 032-743-224-6  
ဖက်စ် : 032-743-223

Social