လူထုဆက်ဆံရေး

ဘီးလူးကြီးကို လှုပ်နှိုးမှု အစီအစဉ်

ရာချာချူလွတ်စ် ကုမ္ပဏီ လီမိတက်သည် ၀န်ထမ်းများအား မိမိတို့၏ သဘောထားအမြင်ကို အပေါင်းလက္ခဏာဆောင်  ပြုပြင်တိုးတက်မှုနှင့် ပြောင်းလဲမှုများအသီးသီးအတွက် အသင့်ဖြစ်နေစေရန်အတွက် မိမိတို့၏ အလုပ်၊ ဖောက်သည်၊ အဖွဲ့အစည်းကို ချစ်မြတ်နိုးမှု ရှိ၍၊ မိမိကိုယ်တွင်းအားကို တည်ဆောက်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဒေါ်စီရီရတ် တန်စိရိ မှ ဟောပြောသူအဖြစ် ဆောင်ရွက်သည့် “ဘီလူးကြီးကို လှုပ်နှိုးခြင်း” လေ့ကျင့်မွမ်းမံသင်တန်းကို စုကိုစွန်းဟိုတယ်တွင် (2017) ခုနှစ် ဇန္န၀ါရီလ (25)ရက်နေ့ မနက် (9.00) နာရီမှ (12.00)နာရီအတွင်း ကျင်းပပြုလုပ်ပေးခဲ့ပါသည်။

မွမ်းမံသင်တန်း၌ မိမိတို့၏ ကိုယ်တွင်း၌ ရှိနေသည့် စွမ်းရည်ကို မိမိတို့၏ ကိုယ်ရေးဘ၀နှင့် လုပ်ငန်းခွင်ဘ၀အတွက် ပိုမို အကျိုးဖြစ်ထွန်းစေအောင် ဖော်ယူအသုံးချရန်နည်းလမ်းများကို အကြံပြုတင်ပြပေးထားပါသည်။ ကုမ္ပဏီအဖွဲ့အစည်းတွင်းရှိ ၀န်ထမ်းရင်းမြစ်များအနေဖြင့် ကောင်းမွန်သည့် စိတ်ဓာတ်ခွန်အား ရှိလာပါက ၎င်းတို့၏ စွမ်းရည်ကို တိုးမြှင့်စေမှုနှင့် မိမိ လုပ်ကိုင်နေသည့်အလုပ်၏ အကျိုးကျေးဇူးကို သိမြင်စေသည့် အကျိုးသက်ရောက်မှု ဖြစ်ထွန်းစေကာ၊ ၀န်ထမ်းများအား အလုပ်၌ ပိုမိုထက်သန်တက်ကြွမှု ရှိလာစေပါသည်။ ထို့အပြင် အကယ်၍ ၀န်ထမ်းများအနေဖြင့် တစ်စိတ်တစ်ဝမ်းတည်း စည်းလုံးချစ်ခင်မှု ရှိကြပါက ကောင်းမွန်သည့် စုဖွဲ့လုပ်ကိုင်မှု ဖြစ်ထွန်းစေကာ ၎င်းတို့၏ ကုမ္ပဏီအဖွဲ့အစည်းကို ရှေ့သို့ ပိုမို တည်ငြိမ် အားကောင်း လျင်မြန်စွာ တိုးတက်မှု ရှိစေပါမည်။

Yak 00
Yak 01
Yak 02
Yak 03
Yak 04
Yak 05

ရာချာချူလွတ်စ် ကုမ္ပဏီ လီမိတက်

ကေအက်စ်အယ်လ်တာဝါ အထပ်(20)
၊ အမှတ်(503) စရီးအယုထယာလမ်း၊
ဖယာထိန်ရပ်ကွက်၊ ရတ်ချထေ၀ီမြို့နယ်
 ဘန်ကောက် 10400

တယ်လီဖုန်း : 02-642-6210   
ဖက်စ် : 02-642-6220
အီးမေးလ် : msg-racha@kslgroup.com

 

စက်ရုံ

အမှတ်(15) အစု(17) စင်းချူတိုလမ်း ထားဖားရပ်ကွက်
ဘန်းပိုမြို့ ရတ်ချဘူရီခရိုင် 70110

တယ်လီဖုန်း : 032-743-224-6   
ဖက်စ် : 032-743-223

Social